Read takeaways from THE BERLIN MOOT 2024

Read takeaways from THE BERLIN MOOT 2024

EVENT

ကာကွယ်ပေးမှုမရှိလျှင် ပါဝင်မှု မရှိနိုင်ပါ

လက်နက်ကိုင်နိုင်ငံရေးအင်အားစု ထိန်းချုပ်ဒေသများရှိ အမျိုးသမီးအခွင့်အရေးများ

THE KAREN NATIONAL LIBERATION ARMY (KNLA) marching in formation. THE KAREN NATIONAL LIBERATION ARMY (KNLA) marching in formation. PHOTO © KAREN NATIONAL UNION

လက်နက်ကိုင်နိုင်ငံရေးအင်အားစု ထိန်းချုပ်ဒေသများရှိ အမျိုးသမီးများ ပါဝင်မှုနှင့် အကာအကွယ်ပေးရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ပါဝင်ရန် ဖိတ်ကြားအပ်ပါသည်။


 

ယခုဆွေးနွေးပွဲသည် အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာအစီအစဉ်အား အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ လက်နက်ကိုင်နိုင်ငံရေးအင်အားစုများ အခန်းကဏ္ဍအကြောင်းကို ဂျာမန်ဖက်ဒရယ်နိုင်ငံခြားရေးရာရုံး၏ ပံ့ပိုးမှုဖြင့် Berghof Foundation နှင့် Fight For Humanity မှ ပြုလုပ်ထားသော ရှေ့ပြေးလေ့လာမှုတစ်ခု၏ လတ်တလော တွေ့ရှိချက်များကို ဆွေးနွေးသွားမည်ဖြစ်သည်။ လေ့လာတွေ့ရှိချက်အရ ဤလက်နက်ကိုင်နိုင်ငံရေးအင်အားစုများနှင့် ၎င်းတို့နှင့်ဆက်စပ်နေသော အမျိုးသမီးအဖွဲ့များသည် WPS agenda နှင့်ပတ်သက်၍၊ အထူးသဖြင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ ပါဝင်မှုနှင့် အကာအကွယ်ပေးမှုအတွက် အမှန်တကယ် ထိတွေ့ ဆက်စပ်လုပ်ဆောင်နေကြောင်း ပြသနေသော်လည်း အရင်းအမြစ်များ၊ အသိပညာများ၊ နည်းပညာဆိုင်ရာ ကန့်သတ်ချက်များနှင့်ပတ်သက်၍ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြောင်းကို တွေ့ရှိချက်များက ဖော်ပြထားသည်။

ဆွေးနွေးပွဲအတွင်းတွင် မိမိတို့အနေဖြင့် လက်နက်ကိုင်နိုင်ငံရေးအင်အားစုများ ထိန်းချုပ်နယ်မြေများရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ တိုးတက်မှုအခြေအနေများ၊ စိန်ခေါ်မှု အခက်အခဲများနှင့် အလားလာများ၊ WPS agenda ကို အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာ ပါဝင်သူများ ပါဝင်နိုင်မည့် အလားအလာရှိသော အခန်းကဏ္ဍများကိုလည်း ထည့်သွင်းဆွေးနွေးရန် ရည်ရွယ်ထားပါသည်။ ဆွေးနွေးပွဲကို ယီမင်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတစ်ဦး၏ အမြင်ရှုထောင့်ဖြင့် နှိုင်းယှဉ်လေ့လာ ဖြည့်စွက်ဆွေးနွေးမှုကိုလည်း ထည့်သွင်းသွားမည်ဖြစ်သည်။ လူ့အခွင့်အရေးနေ့မတိုင်မီ ၂ ရက်အလိုတွင် ကျင်းပမည့် ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ အမျိုးသမီးအခွင့်အရေးဆိုင်ရာ ဤအသိပညာပေးဆွေးနွေးပွဲကို UN ၏ ကျားမအခြေပြု အကြမ်းဖက်မှုများဆန့်ကျင်ရေး ၁၆ ရက်တာလှုပ်ရှားမှုကို ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။


ကာကွယ်ပေးမှုမရှိလျှင် ပါဝင်မှု မရှိနိုင်ပါ

Thursday, 8 December 2022

13:00 - 14:15 PM German time
18:30 - 19:45 PM Myanmar time
19:00 - 20:15 PM Thai time

Online event via Zoom

ဘာသာစကား- အင်္ဂလိပ်ဘာသာဖြင့် အဓိက ဆွေးနွေးသွားမည်ဖြစ်ပြီး မြန်မာ၊ Arabic ဘာသာနှစ်မျိုးဖြင့် ဘာသာပြန်ပေးမည်ဖြစ်သည်။


Speakers:

  • Danielle Feldstein - အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အရာရှိ၊ ဂျာမန်ဖက်ဒရယ်နိုင်ငံခြားရေးရုံး။
  • Beytul Gorkem - Head of Operations, Fight For Humanity
  • ဇင်မာဖြိုး (ခ) ဘုတ်ဘုတ်- Local consultant၊ သုတေသီနှင့် အမျိုးသမီးရေးသတင်းထောက်
  • မေစပယ်ဖြူ - ကချင်အမျိုးသမီးအခွင့်အရေးလှုပ်ရှားတက်ကြွသူ
  • Dr. Najwa Fadhl - Southern Transitional Council (Yemen) ၏ အမျိုးသမီးရေးဆိုင်ရာ အကြံပေး

Moderated by Véronique Dudouet, အကြီးတန်း သုတေသနအကြံပေး၊, Berghof Foundation.

 

About the event

This event was organised by the Berghof Foundation and Fight for Humanity.

 

50 Years Berghof Foundation

The Berghof Foundation marked its 50th anniversary in 2021. The special event series we were holding throughout the year to reflect on past and current peacebuilding successes and challenges, is continuing in the year 2022. The events will identify and look at trends in order to develop tactics that will ensure our efforts towards sustainable peace together with our partners remain effective in the years to come. Find out more on our website and sign up for our newsletters or follow us on Twitter to stay up to date about our anniversary programme.

Please note that the event will be recorded using the cloud-based recording tool within the Zoom.us platform (using cloud servers based in the U.S.), to be published on the Berghof Foundation’s website and social media channels for external communications purposes. You can find the Berghof Foundation’s data protection notice here. If you have questions, please feel free to contact the Berghof Foundation's Data Protection Officer (data.protection@berghof-foundation.org).


Media contact

Florian Lüdtke
Media and Communications Manager
+49 (0) 177 7052758
email hidden; JavaScript is required